Part 2
### Chapter 1: 1
"ဒီမှာ နွေဆက်သည်းမခံနိုင်တော့ဘူး"
အိမ်ထဲအဝင် ဇနီးဖြစ်သူ နွေဝင့်ထည် ဆီမှ လာသော အသံဖြစ်သည်။
အသံလာရာကို လှမ်းကြည့်လိုက်တော့ ဆိုဖာပေါ်တွင် သူ့ဝင်အလာကို စောင့်နေသလို ဝင်လာလာခြင်း ဆိုဖာမှထကာ ပြောနေသည်။
အရပ်ကလေးမပုမရှည် ရင်ခွင်မှီအရပ် guiter shape ခန္ဓာကိုယ်ဖြစ်သော်လဲ တီရှပ်အပွ ဘောင်းဘီတိုနဲ့ မပြင်မဆင် ဆံပင် ဖရိုဖရဲဖြင့် သူ့ကို ဆိုဖာနားတွင် လှမ်းကြည့်နေသော ဇနီးဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဘာလဲကွာ ပင်ပန်းလာရတဲ့ထဲ မင်းကတစ်မျိုး"
"ရဲထွဍ်ကို နင်ဘာအချိုးတွေချိုးနေတာလဲ၊
နင်က ငါ့ကို တစ်ယောက်ထဲ ပစ်ထားရတာလဲ၊ ငါကနင့်မိန်းမနော် အာ့တာကိုလဲ နင့်ခေါင်းထဲ ထည့်ထားအုန်း"
ရဲထွဋ်ကို ဆိုဖာနားသွားပြီး စားပွဲပေါ် ကားသော့နဲ့ ဖုန်းပစ်ချကာ ခါးထောက်လိုက်ပြီး
"နေပါအုန်း မင်းကဘာဖြစ်ချင်နေတာလဲ အပြင်သွားတော့လဲ သွားလို့ ၊ အိမ်မှာနေတော့လဲ အိမ်မှာမို့လို့ တစ်ပွမ်ပွမ် လိုက်ပြောနေရတာလဲ "
"အေး နင်ဟိုတယ်မှာ နောက်ကောင်မတွေ နဲ့ဖောက်ပြန်ချင်တိုင်းဖောက်ပြန်၊ အိပ်ချင်တဲ့ကောင်မနဲ့အိပ်နေတာ ဘာစောက်ချိုးတွေလဲ ခန့်တဲ့အတွင်းရေးမှုးလဲကြည့် မသိရင် club ကဟာတွေကျနေတာပဲ ၊ နင်အပြောခံနိုင်ပေမဲ့ ငါအပြောမခံနိုင်ဘူး နင့်ဇယားတွေကိုရှင်းထား"
"ဟ ငါလဲ လာပါ ချစ်လို့ပါ ခေါ်ပြီး အိပ်နေတာ တစ်ယောက်မှမပါဘူး၊ ငါ့ကို ချစ်လို့ပါ လာခဲ့ပါရစေဆိုပြီး ကုတင်ပေါ်တတ်လာတဲ့ဟာတွေချည်းပဲ သူတို့တွေရဲ့ ဆန္ဒကို ငါကဖြည့်ဆည်းပေးနေတာ "
ရဲထွဋ်ကို နှုတ်ခမ်းတစ်ဖက်ကို အပေါ်တင်ပြီး ချေပြုံးပြုံးပြီး ပြောလိုက်သည်။
နွေဝင့်ထည်လဲ သူ့ပြောစကားများကို အံ့ဩစွာနားထောင်နေလိုက်ပြီး
"အော် ငါက ဒါကိုနင့်ကို အမလေး ကျေးဇူးတင်လိုက်တာ ၊ ကျွန်မကို မယားကြီးလို ထားပေးပါလားဆိုပြီး ၊ ရှင်လုပ်သမျှ လက်ခုပ်လက်ဝါးတီးပြီး အားပေးရမယ်ပေါ့"
နွေဝင့်ထည် အသံကိုပိုမြင့်ပြီး အော်ပြောလိုက်သည်။လက်ကလဲ လက်ခုပ်တီးပြီး အမူအယာများလုပ်ပြနေသည်။
"တော်လိုက်တော့ မင်းပါးစပ်ကို ပိတ်လိုက်တော့နော်၊ ငါပင်ပန်းနေပြီ နားချင်ပြီ မင်းအသံထပ်မကြားချင်တော့ဘူး"ဟုပြောပြီး စားပွဲပေါ်ကကားသော့နှင့် ဖုန်းကိုလှမ်းယူပြီး
အပေါ်တတ်ဖို့ ပြင်လိုက်သည်။
"အေး နင်လုပ်ပြလေ ငါကပိုနာလေ၊ ငါကရော် နင့်လိုမနေနိုင်ဘူးထင်နေလား ကိုရဲထွဋ်ကို" လို့အော်ပြောပြီး ဆိုဖာပေါ်ပြန်ထိုင်ချရင်း လက်သီးဆုပ်ပြီး ဆိုဖာကို ထုလိုက်လေသည်။
ရဲထွဋ်ကိုသည် ဘီလျံနာ သူဌေးတစ်ယောက် KYNE ကုမ္မဏီရဲ့ CEO တစ်ယောက်၊နာမည်ကြီး ကုမ္မဏီပေါင်းများစွာမှာလဲ ရှယ်ယာဝင်ထားသူ ၊ မိန်းမကိစ္စနှင့်ပတ်သတ်ရင် နာမည်အများကြီးထွက်ဖူးသူ၊ မိန်းကလေးတွေရဲ့ စပွန်ဆာဘဲလို့လဲ ခေါ်ကြလေသည်။အရက် ဆေးလိပ် မိန်းမ ဘာတစ်ခုမှ အလွတ်မပေးတဲ့ဘဲကြီး။ ဘော်ဒီက ခပ်တောင့်တောင့်၊ အမြဲ တီရှပ်ကော်လံအဖြူနဲ့ style pant ဘောင်းဘီအမဲ ရှုးအမဲ ဝတ်ဆင်ပြီး Gentleman ဆန်နေသူပေါ့။ မျက်နှာကလဲ အပြစ်ပြောရက်စရာမရှိအောင် ချောမောပြီး နှာတံဆင်းဆင်း နှုတ်ခမ်းပြည့်ပြည့် မေရိုးကျပြီး ဆံပင်ဂုတ်ထောက်လေးကို အမြဲ တစ်ဝက်စည်းထားတတ်သည်။ ပျိုတိုင်းရဲ့ အသည်းစွဲပေါ့။
နွေဝင့်ထည်ကတော့ ပန်းချီဆရာမတစ်ယောက်၊ နာမည်အတော်အတင့်ရပြီးသား ပန်းချီဆရာမဆိုလဲ မမှားပေဘူး။မိန်းကလေးတို့မှ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်သူ့မှာရှိသည်။ အရပ်ကလေးကလဲ မပုမရှည် ရင်ခွင်မှီအရပ် ၊ ဆံနွယ်လေးကလဲ ခါးထိရှည်ပြီး အဖျားလေးကို လိပ်ထားသည်။ဘော်ဒီလေးကလဲ Yoga ကျင့်သူတစ်ယောက်ပီပီ အချိုးအစားညီပြီး ကျစ်လစ်၍ သဲနာရီခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသူပေါ့။တင်ရင်ကလဲ ဖွံ့သင့်သလောက် ဖွံ့တော့ သူမကဘယ်လိုနေနေ ကြည့်ကောင်းနေတတ်သည်။ရုပ်ရှည်ကလဲ တရုတ်မျက်နှာပေါက်လို နှာတံဆင်းပြီး အသားဖြူဖြူ မျက်ပေါက်သေးသေးလေးဖြင့် အလွန်ချစ်ဖို့ကောင်းပြီး ဂန္ဓဝင်ဆန်သည်။
ရဲထွဋ်ကိုနဲ့ နွေဝင့်ထည် ဘယ်ကကြည့်ကြည့် မတူညီ။ အစားအသောက် အနေအထိုင် အသွားအလာ အလုပ်အကိုင်ကအစ မတူညီ။ ရဲထွဋ်ကိုက Gentleman type , နွေဝင့်ထည်က cute type ။
နွေဝင့်ထည်သည် သူမယောက်ျား၏ ချမ်းသာကြွယ်ဝမှုကို စိတ်မဝင်စား။ သူချမ်းသာမှုကိုလဲ သူအတွက်လိုမမြင်သူ။ ညားတာ ၁ နှစ်ပြည့်ပေမဲ့ သူ့ဆီက အချစ်လဲ မရသလို ကိုယ်လဲ ပြန်မပေးခဲ့ပေ။ မိဘပေးစားလို့သာ ယူခဲ့သည်။ အခုထိ လက်လဲမကိုင်ဖူး အတူလဲ မအိပ်ပေ။ သူတစ်ခန်း ကိုယ်တစ်ခနဘာအချစ်အနှစ်သာရမှမရှိ အခွံသာရှိသည့် အိမ်ထောင်ရေး။
သူဘာလုပ်လုပ် စိတ်မဝင်စားသလို။ ကိုယ်ဘာလုပ်လဲ သူစိတ်မဝင်စားပေ။ တွေ့ရင် အမြဲရန်ဖြစ်တတ်လေသည်။ထို့ကြောင့် ရဲထွဋ်ကိုလဲ တစ်လမှာ တစ်ပတ်လောက်သာ အိမ်ပြန်အိပ်တတ်သည်။အခုလိုစကားများရန်ဖြစ်ရတာလဲ social တွေမှာ အမြင်မတော်လောက်အောင် ရဲထွဋ်ကို မိန်းကလေးများနဲ့ သွားလာသောက်စားပျော်ပါးနေတာကို ပါပါရာဇီများက ရိုက်ပြီး ဖွသဖြင့် မပြောမဖြစ်မို့လို့သာ ပြောရခြင်းဖြစ်သည်။မဟုတ်ရင် ဒင်းနဲ့စကားမပြောချင်။အမြဲ ရန်ပဲဖြစ်နေလေ ဒင်းကို ပိုမုန်းလေပဲ ။
.................
--------------------------------------------------
### Chapter 2: 2
မနက်စောစော အိပ်ရာကထကာ ဖြီးလိမ်းပြင်ဆင်နေသော နွေဝင့်ထည်ကို ရဲထွဋ်ကို အိပ်ရာကအထ တွေ့လိုက်သည်။ သူမနဲ့ အခန်းခွဲအိပ်တယ်ဆိုပေမဲ့ သူမအလှပြင်ခန်းက ကျွန်တော့်ဘေးခန်းမှာဖြစ်တယ်။ အလှပြင်ခန်းက နွေဝင့်ထည်နဲ့ ရဲထွဋ်ကိုတို့အခန်းရဲ့ အလယ်တွင် ဖြစ်သည်။ အခန်းတံခါးကိုလဲ နွေက ရဲထွဋ်ကိုမနိုးသေးဘူး အထင်နဲ့ မပိတ်မိပဲ စေ့ရုံစေ့ထားသောကြောင့် အပြင်က ကြည့်လျှင် မြင်နေရလေသည်။
ညဝတ်ဘောင်းဘီအမဲဝတ်ထားပြီး အပေါ်အကျီ မပါသော ရဲထွဋ်ကိုသည် နွေဝင့်ထည်ကိုသူ့အခန်းေရှ့တွင် လက်ပိုက်ကြည့်ေနပြီး
'စောစောစီးစီး ဘယ်သွားမလို့လဲ' ဟုတွေးမိလေသည်။နာရီကြည့်တော့ ၈ခွဲ။
နွေဝင့်ထည်လဲ အခန်းထဲအထွက် ရဲထွဋ်ကို ကြည့်နေတာ တွေ့တော့ မျက်စောင်းထိုးကာ အောက်ထပ်ဆင်းသွားသည်။
နွေဝင့်ထည်သည် ဖဲသားဂါဝန်ပန်းရောင်လေးဝတ်ကာ သူရဲ့ ဆံပင်ရွှေရောင်လေးကို အဖျားလိပ်ပြီး တစ်ဝက်စီးထားသေးသည်။ပန်းေရာင်ဖဲပြားေလးဖြင့် အရမ်း လှနေလေသည်။ Hermes ပန်းရောင်အိတ်လေးကို ကိုင်ကာ ဖိနပ်စီးဖို့ ရဲထွဋ်ကို ကိုကြည့်ရင်း အောက်သို့ဆင်းသွားသည်။
သူလဲ သူ့အရေးအကြောင်း စိတ်မဝင်စားသူမို့
မမေးမိ။ ပန်းချီကိစ္စကြောင့် အပြင်ထွက်မှန်းတော့ သိလေသည်။
.............
"Congratulations မမနွေ "
သူ့အိမ်ရှေ့တွင် သူ့ထက် ၃ နှစ်ငယ်သော ရှိန်းသုတ သည် ကားတံခါးဖွင့်ပေးရင်း ပြောလိုက်သည်။
ရှိန်းသုတ က သူရဲ့ လက်ထောက်လဲဖြစ် အတွင်းရေးမှုးလဲဖြစ် မန်နေဂျာလဲဖြစ်သော အမေ့သူငယ်ချင်းရဲ့သားဖြစ်လေသည်။
သူအလုပ်လုပ်ချင်သည်ဟူပြောသောကြောင့် မေမေ့က နွေကို စိတ်ချရအောင် နွေအနားမှာ လစာပေး ခန့်ထားခြင်းဖြစ်သည်။ ရှိန်းသုတတို့လဲ ဆင်းရဲသူမဟုတ်ပေမဲ့ သူ့ကို အပြင်အလေလိုက်မည်ဆိုးသောကြောင့် ရရာအလုပ်တွင် ထည့်ပေးထားခြင်းဖြစ်သည်။
အခုလဲ အိမ်ကိုလာကြိုပြီး နွေ့ပန်းချီဖွင့်ပွဲကို လိုက်ပို့ခြင်းဖြစ်သည်။
"ရှိန်းရယ် လာမကြိုပါနဲ့ဆို မမနွေ ကိုယ့်ကားနဲ့ကိုယ်သွားလို့လဲရပါတယ်"
"ကျွန်တော်က မမနွေကို လိုက်ပို့ပေးချင်လို့ပါ၊ ပြီးတော့ အခုလိုလဲ congratulations ပြောချင်လို့လေ သူများတွေမပြောခင် ဟီး"
"ဟုတ်ပါပြီ သွားမယ်ဆိုလဲ သွားရအောင် မမနွေနောက်ကျနေလို့"
"ဟုတ် တတ် မမနွေ၊ အရှေ့မှာထိုင်လေ ၊ breakfast အတွက်လဲ sandwich ဝယ်လာတယ် ကားထဲမှာပဲ စားရင်း သွားကြမယ်လေ"
"အိုခေ ကျေးဇူးပဲ ရှိန်း " ရယ်မောစကားပြောပြီး ကားပေါ်သို့တတ်လိုက်သည်။
ထိုအဖြစ်အပျက်ကို ဝရန်တာကနေ ရဲထွဋ်ကိုက မျက်မှောင်ကျုံပြီး ကြည့်နေလေသည်။
"ငါ့ကျတော့ ကောင်မတွေနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူကျ ဟိုမန်နေဂျာကောင်နဲ့ ရယ်မောလို့ "
သူလဲပြောပြီး အခန်းထဲဝင် ရေမိုးချိုးပြီး ကုမ္မဏီသို့ ထွက်ခဲ့တော့သည်။
...........
"Morning ဆရာ"
"အေး Morning ဘာထူးသေးလဲ "
"ဟုတ် အခုတော့ ဘာမှမထူးပါဘူးဆရာ
စားပွဲပေါ်မှာတော့လက်မှတ်ထိုးရမဲ့ စာရွက်စာတမ်းတွေတင်ထပါတယ် ဆရာ။ပြီးတော့ Marketing ဌာနက Finance က ပိုက်ဆံတိုးတောင်းထားပါတယ် ဆရာ ။
နေ့လည် ၃ နာရီကျရင်တော့ US ကုမ္မဏီခွဲက မန်နေဂျာရောက်ပါမယ်ဆရာ သူနဲ့တော့ သူ့ ဟိုတယ်မှာဆွေးနွေးဖို့ရှိပါတယ်ဆရာ။ ည ၆ခွဲကျရင်တော့ Kari အလှကုန် ကုမ္မဏီက ပါတီဖိတ်ထားပါတယ် ဆရာ"
"အေး Marketing ကပိုက်ဆံကိစ္စတော့ ကြည့်ပြီး ဖြေရှင်းလိုက် ၊ နေ့လယ် 2 ခွဲ သွားကြမယ် ဟိုတယ်ကို ပြီးရင်တော့ ကေသီ ပြန်လိုက်တော့"
"ဟုတ်ကဲ့ ဆရာ ၊ဒါဆို ကေသီသွားလိုက်ပါအုန်းမယ်"
ရဲထွဋ်ကိုလဲ သူ့ရုံးခန်းရှိ ဆုံလည်ခံတွင် ထိုင်ပြီး နောက်မှီချလိုက်လေသည်။
..............
--------------------------------------------------